သရက် ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ သရက်မြို့၌ ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ် မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက်(၁၈) နှစ်ပြည့်ပြီးသူတိုင်း မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေးအတွက် နိုင်ငံသားစိစစ်ရေး ကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပိတောက်ပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတွင် ကျေးရွာအရောက်နေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးလင်းမင်းထွန်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးဌာနမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးလှမင်းဦးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှုးများအဖွဲ့က ပိတောက်ပင်ကျေးရွာမှ အသက်(၁၈)နှစ်ပြည့်ပြီးသူ(၁၂)ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားအသစ်ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေး ခြင်းနှင့် အိမ်ထောင်စုစာရင်းပြုလုပ်ပေးခြင်းများကိုဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသည့်ကျေးရွာ၊ အုပ်စု များသို့လည်း ဆက်လက်ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေး ကတ်ပြားများပြုလုပ်ပေးလျက်ရှိကြောင်း သိရ သည်။
ဇော်ဝမ်းထွန်း(အောင်လံ)