ဒေးဒရဲ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီက ကိုဗစ်-၁၉ရောဂါ ကူးစက်ပျံ့နှံ့မှုမရှိစေရေး လိုက်နာဆောင်ရွက်ရမည့် နည်းလမ်းများ အား အများပြည်သူများ သိရှိစေရေး လိုက်လံအသိပေးနှိုးဆော်ခြင်းလုပ်ငန်းများကို ယမန်နေ့ နံနက် ၈နာရီက မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့သည်။
အဆိုပါ အသိပေးနှိုးဆော်ချက်များကို ကိုရိုနာဗိုင်းရပ်စ်ရောဂါ မိမိကစ ကာကွယ်ပါ ဟူသည့် ဆောင်ပုဒ်နှင့်အညီ နေအိမ်ပြင်ပသို့ထွက်လျှင် မဖြစ်မနေ ပါးစပ်နှားခေါင်းစည်း စနစ်တကျ တပ်ဆင်ရေး၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်လုပ်ကိုင်ကြစေရေး၊ လူစုလူဝေးရှောင်ရေး၊ လက်ကို စက္ကန့်(၂၀)ကြာ မကြာခဏ စနစ်တကျ ဆေးကြောကြစေရေး၊ ပါးစပ် နှာခေါင်းစည်းများ မတပ်ဆင်ထားသော ဈေးရောင်းသူများထံမှ ဈေးမဝယ်ကြစေရေး၊ တစ်ဦးနှင့်တစ်ဦးအချင်းချင်းအသိပေး၊ သတိပေး ကြစေရေး၊ သက်ဆိုင်ရာ လုပ်ငန်းကဏ္ဍများ အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ထုတ်ပြန်ထားသော လုပ်ငန်း လမ်းညွှန်ချက်များနှင့် အညီ တိကျစွာလိုက်နာဆောင်ရွက်ရေးနှင့် ကိုရိုနာဗိုင်းရပ်စ်ရောဂါ သံသယ လက္ခဏာ များပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကြစေရေး စသည့် အချက်များအား ပြည်သူများ သိရှိစေရေး အသိပညာပေး လိုက်လံ နှိုးဆော် ပေးလျက် ရှိကြောင်း သိရသည်။
မြင့်မြင့်ခိုင်