လေးမျက်နှာ ဇူလိုင် ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်တွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ဝါးရုံချောင်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာရှိ ကျေးလက်နေ ပြည်သူများ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် ရည်ရွယ်၍ ယနေ့နံနက် ၁၀ နာရီအချိန်က အရင်းမပျောက် လည်ပတ်ရန်ပုံငွေများ ပြန်လည်ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
ကြာအင်းကျေးရွာတွင် စိုက်ပျိူးရေးလုပ်ငန်း လုပ်ကိုင်မည့်သူ(၁၁၂)ဦး၊ မွေးမြူရေးလုပ်ငန်း လုပ်ကိုင်မည့်သူ(၆၀)ဦး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်မည့်သူ(၂)ဦး၊ စုစုပေါင်း စီမံကိန်းအသင်းဝင်ပေါင်း(၁၇၄)ဦးအတွက် ငွေကျပ် (၃၄၈)သိန်းအား စီမံကိန်းလုပ်ငန်းများ ဆက်လက်လုပ်ကိုင်နိုင်ရန် တတိယအကြိမ်မြောက် ပြန်လည် ထုတ်ချေး ပေးခဲ့ကြောင်း သိရသည်။
ဝေဝေ(လေးမျက်နှာ)