ဝန်းသိုမြို့နယ်ရှိ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစု ၁၀၀ ဦးကို ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးနှံပြီးစီး

 

 

ဝန်းသို ဇူလိုင် ၁၅

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒေါင်းမြူး ခန်းမတွင် ယနေ့ နံနက် ၈ နာရီအချိန်က ယခင်ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးနှံထားသူ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများ ကျား ၅၈ ဦး၊ မ ၄၂ ဦး စုစုပေါင်း ၁၀၀ဦးကို မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များစီမံဆောင်ရွက်မှုဖြင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူများ က ဒုတိယကြိမ်ကိုဗစ်ကာကွယ်ဆေး ထပ်မံထိုးနှံပေးခဲ့ကြောင်း သိရသည်။

 

ဝန်းသိုမြို့နယ်အတွင်း ဇူလိုင်လ ၉ ရက်နေ့မှစတင်၍ ယမန်နေ့ထိ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ (၅၃) ဦးရှိပြီဖြစ်ပြီး ယနေ့ ဇူလိုင် ၁၅ ရက်နေ့ နံနက် ၉နာရီအချိန် ဂျိုးတောင်တိုက်နယ်ဆေးရုံ၌ ကိုဗစ်သံသယ ရှိသူ (၄) ဦးကို RDT Test Kit ဖြင့်စစ်ဆေးခဲ့ရာ (၄) ဦးလုံးတွင် Positive တွေ့ရှိခဲ့၍ စုစုပေါင်းအတည်ပြုလူနာ (၅၇) ဦးထိရှိနေပြီဖြစ်ကြောင်း အဆိုပါအတည်ပြုလူနာများအားလုံး သီးသန့်ကုသ လူနာဆောင်အသီးသီးတွင် ကျန်းမာရေးကောင်း မွန်စွာ ဆေးဝါးကုသခံယူလျက်ရှိပြီး ရောဂါပြင်းထန်၍ အောက်ဆီဂျင်ပေး ကုသရမည့် လူနာနှင့် သေဆုံးလူနာတစ်ဦးတစ်ယောက်မျှ (မရှိ)မရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ သိရှိရသည်။

 

ကျော်မြိုင်