ဒေးဒရဲ ဩဂုတ် ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းနှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းကို ယမန်နေ့ နံနက် ၁၁ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန စာကြည့်တိုက်မှူး ဒေါ်သီတာမိုးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများနှင့် စာဖတ်ဝိုင်းကျင်းပ ပြုလုပ်ရသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းဝင် ဦးသိမ်းမောင်က ‘‘စာရေးဆရာဖေမြင့် ရေးသားသည့် အပြောင်မြောက်ဆုံး ဘဝတစ်ခု တည်ဆောက်ခြင်း စာအုပ်သည် လူငယ်များအနေဖြင့် မိမိဘဝကို အမြင့်မားဆုံး တည်ဆောက်နိုင်ကြောင်း ပညာပေးရေးသားထားသည့် စာအုပ်ဖြစ်ပြီး လူတိုင်းလေ့လာ ဖတ်ရှုသင့်သည့် စာအုပ်ကောင်း တစ်အုပ်ဖြစ်ကြောင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာသူများက စိတ်ဓာတ် စွမ်းအား၊ ဖြောင့်မတ်တည်ကြည်သူသာ ရေရှည်အောင်မြင်နိုင်သည်နှင့် မိမိနေရာမှန်သို့ ပြန်လည်ရောက်ရှိခဲ့သူတစ်ယောက်စသည့် ဆောင်းပါး များအား ပြန်လည်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
မြင့်မြင့်ခိုင်(ပြန်/ဆက်)