မော်လိုက် ဇူလိုင် ၁၅
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်မြို့နယ် သစ်တောဦးစီးဌာနမှ ၂၀၂၁ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကို ယမန်နေ့ နံနက် ၈ နာရီက မော်လိုက်-ပြောင်ဘုတ်ကားလမ်းဘေး မော်ကူးကြိုးဝိုင်း၊ အကွက်အမှတ်(၂၂)တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
သစ်ပင်စိုက်ပျိုးပွဲတော်တွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင် မှ စိုက်ပျိုးမည့် ပျိုးပင်များအား ဌာနဆိုင်ရာတာဝန်ရှိသူများထံ ပေးအပ်ခဲ့ပြီး သက်တမ်း (၂)နှစ်၊ အမြင့်ပေ(၂)ပေရှိ ပျိုးပင်များဖြစ်သည့် ကျွန်း(၂၀၀)ပင်၊ ပျဉ်းကတိုး(၂၀၀)ပင်နှင့် ပိတောက်(၁၀၀)ပင် စုစုပေါင်း ပျိုးပင်ပေါင်း(၅၀၀)တို့ကို စိုက်ပျိုးခဲ့ကြသည်။
ကျွန်တော်တို့ မြို့နယ်သစ်တောဦးစီးဌာနအနေဖြင့် ယခင်နှစ်က အိပ်မဲကြီးဖြင့် ပျိုးထောင်ထားသည့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက် စသည့် ပျိုးပင်ပေါင်း လေးထောင်ထဲမှ ယခုနှစ် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်တွင် သက်တမ်း(၂)နှစ်၊ အမြင့်ပေ(၂)ပေရှိ ပျိုးပင်ပေါင်း(၅၀၀)ကို စိုက်ပျိုးခဲ့ပြီး၊ ကျန်ရှိသည့် ပျိုးပင်(၃၅၀၀)ကို တပ်ရင်း၊ တပ်ဖွဲ့များ၊ ဌာနဆိုင်ရာများ၊ စာသင်ကျောင်းများ၊ ဘုန်းတော်ကြီးကျောင်းများနှင့် ဒေသခံပြည်သူများထံ ဇူလိုင်လကုန်အပြီး ဖြန့်ဝေ စိုက်ပျိုးသွား မည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန ဦးစီးအရာရှိ ဦးသိန်းရွှေ ပြောကြားချက်အရ သိရသည်။
အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်သို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ် ရေးမှူး ဦးအေးလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝဏ္ဏထွန်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာအကြီးအကဲများ စုစုပေါင်း အင်အား(၅၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မော်လိုက်သားလေး