နတ်တလင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် Mask တပ်ဆင်ရေး အသိပညာပေးခြင်းလုပ်ငန်းဆောင်ရွက်

နတ်တလင်း ဇူလိုင် ၁၅
 
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ရေး အတွက် ပြည်သူများ Mask တပ်ဆင်ရန် အသိပညာပေး ခြင်းလုပ်ငန်းများကို ယနေ့ နံနက် ၇ နာရီ ၃၀ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
 
အဆိုပါ ဆောင်ရွက်ရာတွင် လူစည်းကားရာနေရာများဖြစ်သော ရန်ကုန်-ပြည်လမ်း၊ တာပွန်လမ်းနှင့် စျေးလမ်းတို့တွင် နေ့စဉ်နံနက် ၇ နာရီ ၃၀ အချိန်မှ ၉ နာရီအချိန်ထိ မြို့နယ်ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန်ရေးကော်မတီဝင်များ၊ ဌာနဆိုင်ရာများ ပူးပေါင်း၍ အဖွဲ့ (၇)ဖွဲ့ ခွဲ၍ ပြည်သူများ Mask တပ်ဆင်ရန် အသိပညာပေးခြင်း၊ Mask တပ်ဆင်မှု မရှိသူ များအား ပထမအကြိမ် ဒဏ်ငွေ(၅၀၀)ကျပ်ပေးဆောင်စေပြီး Mask (၅)ခုပေး ခြင်း၊ ဒုတိယအကြိမ်တွင် သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေအရ အရေးယူခံရနိုင် ကြောင်းနှင့် အသိပညာပေးခြင်းလုပ်ငန်းများကို အလှည့်ကျ ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။
 
ထားထားဦး