ချောက် ဩဂုတ် ၁၂
မကွေးတိုင်းဒေသကြီး၊ ချောက်မြို့နယ် အမှတ်(၇)ရပ်ကွက် ကင်မွန်းခြုံရပ်တွင် အမှတ်(၇) ရပ်ကွက်နှင့် အမှတ်(၈) ရပ်ကွက်ဖြတ်ကူးထားသော တံတားကို ပြန်လည်ပြင်ဆင်ပြုပြင်ခြင်းကို ချောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ ဆောင်ရွက်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၁၉ -၂၀၂၀ ဘဏ္ဍာရေးနှစ် ချောက်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ ရန်ပုံငွေ ခွင့်ပြုငွေ ၁၇ဒသမ၇၃ကျပ်သန်းဖြင့် တံတားအလျား ၄၀ပေ အနံ ၁၈ပေ ကို အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်နိုင်နိုင်မော်၊ အငယ်တန်းအင်ဂျင်နီယာ-၃ ဦးဇင်ဖြိုး၊ အငယ်တန်းအင်ဂျင်နီယာ-၃ ဒေါ်ဖြုဖြုခိုင် တို့က သံကူကွန်ကရစ်တံတား အမျိုးအစားကို တာဝန်ယူဆောင်ရွက်လျက်ရှိရာ လုပ်ငန်း ၈၀ ရာခိုင်နှုန်းခန့်ပြီးလျက်ရှိကြောင်း သိရှိရသည်။
ကျော်မိုး(ပြန်/ဆက်)