ကျွန်းစုမြို့၌ ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်ပေးနေမှုများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ကျွန်းစု ဩဂုတ် ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာနက ပြည်သူလူထုသို့ တိုက်ရိုက်ဝန်ဆောင်ပေးနေမှုများဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ (၂) ရက်ပြုလုပ်မည်ဖြစ်ရာ ဖွင့်ပွဲအခမ်းနားကို ယမန်နေ့ နံနက်(၉)နာရီအချိန်က မြို့နယ်ကျွန်းရတနာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ဌေးက အဖွင့်အမှာစကားပြောကြားရာတွင် “ပြည်သူ တစ်ရပ်လုံး ရရှိခံစားသင့်သော အခွင့်အရေးများ အပြည့်အဝရရှိစေရန်နှင့် လိုအပ်တဲ့ လူမှုရေး အကူအညီများ တောင်းခံလာပါက တတ်နိုင်တဲ့ကဏ္ဍများမှ ဝိုင်းဝန်းကူညီပေါင်းစပ် ဆောင်ရွက် ပေးကြရန်” ရှင်းလင်းပြောကြားခဲ့ပြီး  သင်တန်းသားများက တစ်ဦးချင်း မိတ်ဆက်စကား ပြောကြားခဲ့ကာ ဆွေးနွေးပွဲကို စတင်ကျင်းပခဲ့သည်။

ဆွေးနွေးပွဲတွင် လူမှုဝန်ထမ်းဦးစီးဌာန၊ မြိတ်ခရိုင် ဒုတိယညွှန်ကြားရေးမှူး ဒေါ်နီနီဝင်း၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြွယ်ကြွယ်ဝင်း၊ ဦးစီးမှူး ဒေါ်ဝေဝေလွင်တို့က ရှေးဦးအရွယ်ကလေးသူငယ်ပြုစု ပျိုးထောင်ရေးနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကလေးသူငယ်၊ အမျိုးသမီးများနှင့် သက်ကြီးရွယ်အိုများ၏ အခွင့်အရေးများ၊ လူမှုရေးရာ၊ ဖြစ်ရပ်စီမံခန့်ခွဲမှု နည်းစနစ်၊ ကိုယ်ဝန်ဆောင်မိခင်နှင့် (၂)နှစ်အောက် ကလေးငယ်များ ထောက်ပံ့မှု အစီအစဉ်နှင့် လူမှုရေးပင်စင်များ၊ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု တားဆီးကာကွယ်ရေး၊ တိုင်းဒေသ ကြီး၊ ပြည်နယ်၊ ခရိုင်ရုံးများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်နည်းလမ်းများ၊ စသည်တို့ကို ဩဂုတ်လ (၁၁)ရက်နေ့မှ (၁၂)ရက်နေ့ ပို့ချဆွေးနွေးမည်ဖြစ်ပြီး ဆွေးနွေးပွဲတွင် ဌာနဆိုင်ရာများနှင့် အဖွဲ့အစည်းအသီးအသီးများမှ စိတ်ပါဝင်စားသူ (၄၀) ဦးက တက်ရောက်ဆေွးနွေးခဲ့ကြောင်း သိရသည်။

စည်သူရအောင်(ကျွန်းစု)