ပုလော ဇူလိုင် ၁၄
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပွား စေရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာသည့် ပြည်သူများ ကို နှာခေါင်းစည်း တပ်ဆင်ရေး အသိပညာ ပေးခြင်းနှင့် mask များ အခမဲ့ ဖြန့်ဝေခြင်းကို ယနေ့ နံနက် ၈ နာရီက ပုလောမြို့ ပလာဇာရှေ့တွင် ပြုလုပ်ခဲ့ သည်။
ကိုဗစ်-၁၉ ရောဂါ မိမိကစ၍ကာကွယ်ပါ ဆောင်ပုဒ်နှင့်အညီ လမ်းသွားလမ်း လာ ပြည်သူများအား ရောဂါ ကာကွယ်ထိန်းချုပ်ရေး စည်းမျဉ်းစည်းကမ်း များကို လိုက်နာသွားရန်၊ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုမှာ အရှိန်အဟုန်ဖြင့် ပြန်လည်ဖြစ်ပွားလာနေသဖြင့် ပြည်သူများအနေဖြင့် မိမိကိုယ်မိမိ ကျန်းမာရေး အသိဖြင့် ကာကွယ်ကြရန်နှင့် အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း (Mask) ကို စနစ်တကျ တပ်ဆင်ကြရန်၊ လူစုလူဝေးရှောင်ကြရန် အသိပညာ ပေးခြင်းနှင့်အတူ နှာခေါင်းစည်း အခု (၁၅၀၀) ဖြန့်ဝေခြင်းတို့ကို ဆောင်ရွက် လျက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ပုလောမြို့နယ် အမှတ် ၂၈၅ ခြေလျင်တပ်ရင်း၊ မြို့နယ် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ ဦးခင်မောင်စိုးနှင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊မြို့နယ် စည်ပင် သာယာရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးနှင့်ကုသရေး ဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြန်မာနိုင်ငံ ကြက်ခြေနီတပ်ဖွဲ့တို့ ပူးပေါင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အေးအေးမော်