ဘုတ်ပြင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါပိုး ထပ်မံတွေ့ရှိ

ဘုတ်ပြင်း ဇူလိုင် ၁၃
 
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ပိုးတွေ့ရှိသူနှင့် ထိတွေ့သူများ၊ အနံ့မရသူများနှင့် သံသယရှိသူများအား ယမန်နေ့က အမှတ်(၁၈) တပ်မတော်ဆေးရုံ ကုတင် ၁၀၀ ၊ ဘုတ်ပြင်းမြို့နယ် ပြည်သူ့ဆေးရုံနှင့် ပြည်ကြီးမဏ္ဍိုမြို့ တိုက်နယ်ဆေးရုံတို့တွင် RDT test kit ဖြင့် စစ်ဆေးခဲ့ရာ ကျား(၇)ဦး၊ မ(၁)ဦး စုစုပေါင်း(၈)ဦး တွေ့ရှိခဲ့ကြောင်း သိရပြီး ၎င်းတို့နှင့် ထိတွေ့သူများ ကိုလည်း အသွားအလာကန့်သတ်ထား ကြောင်း သိရှိရသည်။
 
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများမှာ ဘုတ်ပြင်းမြို့နယ်တွင်(၆)ဦး၊ ပြည်ကြီးမဏ္ဍိုင်မြို့မှ (၂)ဦး၊ တွေရှိခဲ့ပြီး ဘုတ်ပြင်းမြို့နယ်အတွင်း ယနေ့အထိ ကိုဗစ်-၁၉ ပိုးတွေ့ရှိသူ (၉၆)ဦး တွေ့ရှိခဲ့ပြီး ဆေးရုံမှ ဆင်းခွင့်ရရှိသူ(၆၅)ဦး၊ သေဆုံးသူ (၁)ဦး၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူသူ (၃၀) ဦးရှိကြောင်း သိရှိရ သည်။