နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား (Home Garden) စိုက်ပျိုးရန် မျိုးစေ့များထောက်ပံ့

နတ်မောက်  ဇူလိုင်   ၁၃                                           

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား (Home Garden) စိုက်ပျိုးရန် အတွက် မျိုးစေ့များထောက်ပံ့ ပေးလျက်ရှိကြောင်းသိရသည်။                  

 

ထိုသို့ထောက်ပံ့ပေးရာတွင် မြို့မရပ်ကွက် ၊ တမာပင်ရပ်ကွက်၊ အင်းကုန်းကျေးရွာ ၊ ဘုန်းတော်ပြည့်ကျေးရွာ၊ န-ကျားထူးကျေးရွာ ၊ တောင်ထောင့်ကျေးရွာ ၊ ပ-လက္ခုပ္ပင်ကျေးရွာ၊ပ-ဂွေးချိုကျေးရွာ၊ ရွှေပန်းတောကျေးရွာ၊ အလယ်ရွာ ၊ ညောင်ကျပ္ပင်ကျေးရွာ ၊ တဲကြီးကျေးရွာ ၊ ဝါးရုံကုန်းကျေးရွာ ၊ လင်းကတိုး ကျေးရွာများ ရှိ တောင်သူ (၅၃) ဦးတို့အား ဗူး ၊ သခွား ၊ရုံးပတီ ၊ ချဉ်ပေါင်၊ ကြက်ဟင်းခါး ၊ ပဲတိုင်ထောင် ၊ ကျောက်ဖရုံ ၊ ခရမ်း ၊ ငရုပ် ၊ခရမ်းချဉ် ၊ ပြောင်းချိုနှင့် ကန်ဇွန်းမျိုးစေ့ များထောက်ပံ့ပေးခဲ့သည်။                                                                                 

 

နတ်မောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ သန့်ရှင်းလတ်ဆတ်၍ အဟာရပြည့်ဝသော  ဟင်းသီးဟင်းရွက်များကို အလွယ်တကူ စားသုံးနိုင်ပြီး အိမ်သုံးစရိတ်လျော့ချနိုင်ရုံသာမက တစ်ဖက် တစ်လမ်းမှ ဝင်ငွေရရှိစေရေး (Home Garden) စိုက်ခင်းများအတွက် မျိုးစေ့များထောက်ပံ့ ပေးရတာ ဖြစ်ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးထံက သိရသည်။

 

သင်းသင်းမြတ် (နတ်မောက်)