ကြာအင်းဆိပ်ကြီး ဇူလိုင် ၁၃
ကိုဗစ်-၁၉ ကူးစက်မြန်ရောဂါ ဆက်လက်ဖြစ်ပွားနေမှုအခြေအနေကြောင့် ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင်လည်း ဇွန်လ(၂၈)ရက်နေ့မှစတင်ကာယနေ့ ဇူလိုင် (၁၃)ရက် နေ့အထိ ရောဂါပိုးတွေ့ရှိသူ အတည်ပြုလူနာ(၄၁)ဦး ရှိကြောင်းသိရသည်။
အဆိုပါကိုဗစ်-၁၉ ကူးစက်မြန်ရောဂါပိုး ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် လူမှုရေးအသင်းအဖွဲ့များ ပူးပေါင်းပြီး မိဘပြည်သူများအား ရောဂါကူးစက်မှုထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရောဂါပိုးတွေ့ရှိသည့် အတည်ပြုလူနာနေ အိမ်ပတ်ဝန်းကျင်နှင့် ရပ်ကွက်များအတွင်း၌ ကလိုရင်းဆေးရည် (ပိုးသတ်ဆေး)များကို ယမန်နေ့ညနေ၃နာရီခွဲအချိန်ခန့်က ဆေးဖျန်းပေးခဲ့ကြောင်းသိရသည်။
မျိုးမင်းဦး