လောင်းလုံး မြို့နယ်တွင် ကိုဗစ်- ၁၉ ရောဂါပိုးရှိအတည်ပြုလူနာ (၈) ဦး ထပ်မံတွေ့ရှိ

လောင်းလုံး ဇူလိုင် ၁၃
 
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့က မောင်းမကန်ကျေးရွာ၊ ကျေးလက် ကျန်းမာရေးဆေးခန်း၌ စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၈) ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။
 
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများမှာ လောင်းလုံးမြို့နယ်၊ သဘော့ ဆိပ်ကျေးရွာ၌ အမျိုးသား ရောဂါပိုးရှိသူ(၃)ဦးနှင့် အမျိုးသမီးရောဂါပိုးရှိသူ (၄) အားလည်းကောင်း၊ လောင်းလုံးမြို့နယ်၊ မောင်းမကန် ကျေးရွာတွင် အမျိုးသမီးတစ်ဦးအားလည်းကောင်း၊ စုစုပေါင်း (၈)ဦးဖြစ်၍ ၎င်းပိုးတွေ့ရှိသူ များအား လောင်းလုံးမြို့နယ်၊ သဘော့ဆိပ်ကျေးရွာအုပ်စု၊ ကျောက်ဆင် ကျေးရွာရှိ၊ Cyclone Shelter တွင် ဆေးကုသခံယူလျက် ရှိကြောင်းနှင့် လောင်းလုံးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း (၅၄)ဦးအထိ ရှိလာပြီး ၎င်းပိုး တွေ့ရှိသူ လူနာများအား လောင်းလုံးပြည်သူ့ဆေးရုံတွင် (၃၃)ဦး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ကွန်ပျူတာ တက္ကသိုလ်တွင် (၁၃)ဦးနှင့် Cyclone Center တွင် (၈)ဦးတို့ကို အသီးသီးဆေးကုသ ခံယူလျက်ရှိကြောင်း သတင်းရရှိသည်။