ကျောက်တံခါး ဇူလိုင် ၁၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်တွင် အနံ့ပျောက်သူနှင့် ဖျားနာသူ (၁၅၂)ဦးအား ယမန်နေ့က RDT စနစ်ဖြင့် ဆေးစစ်ခဲ့ရာ (၅၄)ဦး ပိုးတွေ့ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ (၅၄)ဦးသည် ရှမ်းဒိုးတန်းကျေးရွာ(၁)ဦး၊ ဖဒိုမြို့မှ(၄)ဦး၊ ပဲနွယ် ကုန်းမြို့(၂)ဦး၊ ညောင်ဝိုင်းကျေးရွာ(၄)ဦး၊ ချောက်တစ်ရာကျေးရွာ (၅)ဦး၊ အောင်မြင်ကျေးရွာအုပ်စု (၁၄)ဦး၊ ကြိတ်ကွင်းကျေးရွာ(၁)ဦး၊ ကွင်းနောက်ရပ်ကွက် (၂)ဦး၊ သူဌေးကုန်းကျေးရွာအုပ်စု(၂)ဦး၊၊ ရင်းတိုက်ကုန်းကျေးရွာ(၅)ဦး၊ သံမဏိရပ်ကွက် (၁)ဦး၊ ကျီးရိုးကျေးရွာ(၁)ဦး၊ တပင်ရွှေထီး ရပ်ကွက် (၁)ဦး၊ ကျောင်းစိုးကျေးရွာ(၂)ဦး၊ ဇီးကုန်းကျေးရွာ(၁)ဦး၊ မင်းတန်းကျေးရွာ (၁)ဦး၊ မြို့ချောင်း(၇)ဦး ဖြစ်ပြီး ယခုအခါ ကျောက်တံခါးမြို့နယ်တွင် ပိုးတွေ့လူနာစုစုပေါင်း(၄၄၀)ဦးအထိ ရှိလာပြီးဖြစ်သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များအား ပြည်သူများ လိုက်နာဆောင်ရွက်ကြရန် ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ သည်။
ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၄၄၀)ဦးအား သက်ဆိုင်ရာဒေသရှိ တိုက်နယ်ဆေးရုံများနှင့် မြို့နယ် ပြည်သူ့ဆေးရုံတို့တွင် ထားရှိပြီး ဆေးကုသလျက်ရှိကြောင်း သိရသည်။
စန်းစန်း