တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် ဆောင်ရွက်နေကြသည့် ပရဟိတအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး

တောင်ငူ ဇူလိုင် ၁၂

တောင်ငူ၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် လုပ်ဆောင်နေကြ သည့် ပရဟိတအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန နတ်သျှင်နောင်ခန်းမ၌ ပြုလုပ်သည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင် အဖွဲ့ဝင်များက တောင်ငူမြို့နယ် အတွင်း ကိုဗစ်- ၁၉ ရောဂါပိုး ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် Quarantine Centre များတွင် စေတနာ့ ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေကြသည့် ပရဟိတသမားများ အနေဖြင့် ကျန်းမာရေး အသိ သတိဖြင့် လုပ်ဆောင်သွားကြရန်၊ ကျန်းမာရေးဆိုင်ရာအချက်များအား တိကျစွာ လိုက်နာသွား ကြရန်၊ ကာကွယ်ရေးလုပ်ငန်းများအဖြစ် စစ်ဆေးရေးဂိတ်များ ထားရှိဆောင်ရွက်ရာ၌ တာဝန်ထမ်း ဆောင်နေကြသည့် ဌာနဆိုင်ရာများမှ ဝန်ထမ်းများ၊ ပရဟိတအဖွဲ့ဝင်များက ကိုဗစ်-၁၉ ရောဂါကာကွယ် ထောက်ပံ့ပစ္စည်းများဖြင့် ကျန်းမာကြံ့ခိုင်စွာဖြင့် ဆောင်ရွက်နိုင်စေရေး၊ ကိုဗစ်-၁၉ ရောဂါ အတည် ပြု လူနာများ ထားရှိကုသနိုင်ရေးအတွက် ကုသရေးစင်တာများ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်သွားနိုင် ရေးအတွက် ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် တက်ရောက်ကြသည့် ပရဟိတအဖွဲ့ဝင်များက ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ၊ အခက်အခဲများအား တင်ပြကြရာ တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။