လှိုင်းဘွဲ ဇူလိုင် ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လှိုင်းဘွဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အတွက် စည်ပင်သာယာမြို့မဈေးနှင့်ယာယီပျံကျဈေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က စတင်၍ ယာယီပိတ်ထားခဲ့ကြောင်း သိရသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ခြင်း၊ကြိုတင်ကာကွယ်ခြင်းနှင့်ကုသရေးလုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရေးအတွက် မြို့မဈေး အကျိုးတော်ဆောင်အဖွဲ့၏ ဇူလိုင်လ(၁၁) ရက်နေ့ အစည်းအဝေးမှ ဆုံးဖြတ်ချက်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကော်မတီ၏ ဆုံးဖြတ်ချက်အရ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း စည်ပင် သာယာမြို့မဈေးနှင့် ယာယီပျံကျဈေးကို ယာယီပိတ်ထားမည်ဖြစ်ကြောင်း၊ မြို့အတွင်းတွင် ကိုယ်ပိုင်နေအိမ်ဖြင့် ရောင်းချသော လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ ဈေးဆိုင်များကို ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရေး၊ကုသရေး လမ်းညွန်ချက်နှင့်အညီ ရောင်းချခွင့်ပြု ပေးမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)