အုတ်ဖိုမြို့နယ် ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် ရွှေဝါရောင်ကုမ္ပဏီမှ အောက်ဆီဂျင်နှင့် အလှူငွေများ ပေးပို့လှူဒါန်း

အုတ်ဖို  ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုနှုန်း မြင့်တက်လျှက်ရှိရာ မြို့နယ်အတွင်း ဆေးကုသမှုခံယူလျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါ အတည်ပြု လူနာများအတွက် ရွှေဝါရောင်ကုမ္ပဏီမှ အောက်ဆီဂျင်နှင့် အလှူငွေများ ပေးပို့လှူဒါန်းခဲ့ကြောင်း သိရသည်။

ရွှေဝါရောင်ကုမ္ပဏီမှ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာများအတွက် အောက်ဆီဂျင် အလုံး၂၀ နှင့် အလှူငွေ ၂၅ သိန်းကျပ်ကို ပေးပို့လှူဒါန်းခဲ့တာဖြစ်ပြီး အလားတူ မြို့နယ်တွင်းမှ စေတနာရှင် ပြည်သူများ၊ ရပ်ဝေးရပ်နီးမှ စေတနာရှင်ပြည်သူများမှ ကျန်းမာရေး ဝန်ထမ်းများအတွက် ဆန်များ၊ အတည်ပြု လူနာများလာသည့်အတွက် အောက်ဆီဂျင်နှင့် လူနာထားရှိရန် ကုတင်များ လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။

အောင်သူ