ကော့ကရိတ်မြို့နယ် တောနော်ရေတံခွန်တွင် ၁၀ တန်းအောင်မြင်သည့် ကျောင်းသားတစ်ဦး ရေနစ်ပျောက်ဆုံးရာမှ အလောင်းအား ပြန်လည်တွေ့ရှိ

ကော့ကရိတ် သြဂုတ် ၁၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် မြဝတီ-ကော့ကရိတ်အာရှလမ်းရှိ တောနော်ရေတံခွန်တွင် သြဂုတ် ၉ ရက်နေ့ မွန်းလွဲ ၂ နာရီ ၄၅ မိနစ်အချိန်က လူငယ်တစ်ဦးရေနစ်ခဲ့ကြောင်း သိရ၍ ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်များ သွားရောက်ရှာဖွေခဲ့ရာ သြဂုတ် ၁၁ ရက်နေ့ မွန်းလွဲ ၁ နာရီ အချိန်တွင် ပြင်ပဒဏ်ရာမရှိ ပုပ်ပွလျက်ပေါ်လာသဖြင့် အလောင်းအား ရင်ခွဲစစ်ဆေးနိုင်ရန် အတွက် ရဲဆေးစာနှင့်အတူ ကော့ကရိတ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။

သေဆုံးသူ မောင်......နှင့်ပတ်သက်၍ ဓမ္မတာအတိုင်းသေဆုံးခြင်း ဟုတ်၊ မဟုတ် စစ်ဆေးရန်အတွက် ကော့ကရိတ်မြို့မရဲစခန်း စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

စိုးထက်အောင် (ပြန်ဆက်)