ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေး Mask Campaign ဆောင်ရွက်

ကလိန်အောင်  ဇူလိုင်  ၁၂

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့၌ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အပြင်သို့ ထွက်တိုင်းနှာခေါင်းစည်း (mask) မဖြစ်မနေ တပ်ဆင်ရေး (Mask Campaign) ကို မြို့မဈေးနှင့် ကားဂိတ်များ၊ လူစည်ကားရာ လမ်းဆုံလမ်းခွများတွင် ယမန်နေ့ နံနက်ပိုင်းက ပြုလုပ် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် စျေးအတွင်းသို့ ဝင်ရောက်လာသည့် စျေးရောင်းစျေးဝယ်သူများနှင့် လမ်းသွားလမ်းလာ ဒေသခံပြည်သူများ၊ မြို့အတွင်းသို့ ဝင်ရောက်လာသည့် ခရီးသွားပြည်သူများကို နှာခေါင်းစည်း Mask များ တပ်ဆင်ပေးခြင်းကို ကလိန်အောင်မြို့ မြို့အုပ်ချုပ်ရေးမှူး ဦးအောင်နိုင်နှင့် ဝန်ထမ်းများ၊ မီးသတ်ဦးစီးဌာနမှ ဦးစီးမှူး ဦးထွန်းထွန်းအောင်နှင့် တပ်ဖွဲ့ဝင်များ၊ နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ ဦးဝင်းရွှေ၊ တပ်ရင်းတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်းကာ နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မိုးမိုးခိုင်