မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရသူ(၄၁)ဦး ထပ်မံတွေ့ရှိ

 မိုးညို ဇူလိုင် ၁၂

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ သူများနှင့် ထိစပ်သူ(၁၁၄)ဦးတို့အား RDT Test ဖြင့် စစ်ဆေးခဲ့ရာ(၄၁)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့သည်။

မိုးညိုမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေ့ရှိခဲ့သည့် ဇွန်လ(၁၇)ရက်နေ့မှ ယမန်နေ့အထိ ရောဂါ ပိုး ကူးစက်ခံရသူ(၂၂၉)ဦး တွေ့ရှိနေပြီဖြစ်သည့်အတွက် မြို့နယ်အတွင်းရှိ မိဘပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု ထိန်ချုပ်နိုင်ရန်အတွက် နေအိမ်ပြင်ပသို့ ထွက်တိုင်း Mask ကို စနစ်တကျ တပ်ဆင်ရန်၊ လက်ကို မကြာခဏ စနစ်တကျဆေးကြောရန်၊ ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ကြရန်နှင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုထိန်းချုပ်နိုင်ရေးအတွက် Mask Campaign များ ပြုလုပ်ခြင်း၊ အသံချဲ့စက်ဖြင့် လိုက်လံ နှိုးဆော်ပေးခြင်း စသည့်အသိပညာပေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက် ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

 ကိုမင်း