တနိုင်း ဩဂုတ် ၁၁
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်၌ ဇူလိုင်လအတွင်း မိုးအဆက်မပြတ် ရွာသွန်းကာ တနိုင်းချောင်းရေ မြင့်တက်လာမှုကြောင့် နေအိမ်များအတွင်းသို့ ရေများ ဝင်ရောက်လာသဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသော အိမ်ထောင်စုများအတွက် ပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့သော ထောက်ပံ့ ကြေးများအား မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့မှ ပြန်လည်ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့မွန်းလွဲ ၁ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ သည်။
အဆိုပါ ထောက်ပံ့ငွေများ ပေးအပ်ရာတွင် ဇူလိုင်လအတွင်းတွင် မိုးများအဆက် မပြတ်ရွာ သွန်းခြင်းကြောင့် တနိုင်းချောင်းရေးမြင့်တက်လာ၍ နေအိမ်များအတွင်းသို့ ရေများ ဝင်ရောက် လာသဖြင့် ဘေးလွတ်ရာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရသော ဆွတ်ငိုင်ရပ်ကွက်ရှိ ရေဘေးသင့် အိမ်ထောင်စု(၃၃)စု၊ လူဦးရေ(၁၃၁) ဦးတို့အတွက် ဆန်ရိက္ခာ(၇)ရက်စာ လူတစ်ဦး လျှင်(၂၁၀၀)ကျပ်နှုန်းဖြင့် စုစုပေါင်းငွေ (၂၇၅၁၀ဝိ/-) ကျပ်အား ပြည်နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ ထောက်ပံ့ပေးအပ်သော ထောက်ပံ့ကြေး များအား မြို့နယ်ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုအဖွဲ့ ဥက္ကဋ္ဌ (မြို့နယ်အုပ်ချုပ်ရေးမှူး) ဦးကျော်လွင်မှ ပြန်လည်ထောက်ပံ့ပေး အပ်ခဲ့ပြီး ရေဘေးသင့်အိမ်ထောင်စုများကိုယ်စား ဆွတ်ငိုင်ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးဟန်ဂေါင်းမှ လက်ခံရယူခဲ့ကြောင်း သိရသည်။
စိုင်းထင်ကျော်(ပြန်/ဆက်)