ဝန်းသိုမြို့နယ်တွင် မိုးရွာသွန်းမှုကြောင့် ကုန်ထုတ်လမ်းများ ပျက်စီးမှု ရှိ/မရှိကွင်းဆင်းစစ်ဆေး

 

ဝန်းသို ဇူလိုင် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ဝန်းသိုမြို့နယ်တွင် ယမန်နေ့က မိုးရေချိန် (၄.၇၆)လက်မထိ ရွာသွန်းခဲ့သဖြင့် ဒေါင်းမြူးချောင်းနဘေးတွင်ရှိသော မြိုင်ဇေယျာကျေးရွာ ကုန်ထုတ်လမ်းများ ပျက်စီးမှု ရှိ/မရှိကို မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမြတ်မျိုးထွန်းနှင့် ဌာနအင်ဂျင်နီယာအဖွဲ့က ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။

"ယခင်ကုန်ထုတ်လမ်းမ‌ဖောက်ခင်က လယ်ခင်း/ယာခင်းတွေကို သွားရင်အမြဲတမ်း ဒူးဆစ်ကျော် လောက်ထိရေကူးသွားရတယ်၊ အခုတော့ကုန်ထုတ်လမ်းကျေးဇူးနဲ့ မိုးတွင်းလည်း လယ်ခင်း/ယာခင်းတွေဆီ ရောက်အောင်သွားနိုင်ပါပြီ" ဟု ကျေးရွာခွဲအုပ်ချုပ်ရေးမှူး ဦးငွေမောင်က ပြောကြားခဲ့သည်။

ယင်းကုန်ထုတ်လမ်းနှင့် ယင်းလမ်းပေါ်ရှိတံတားများကို  ယခု ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဘတ်ဂျက်ဖြင့် ယမုံကောင်းကုမ္ပဏီက ခွင့်ပြုငွေကျပ် (၃၄.၃၀၉)သန်းဖြင့် လမ်းအရှည် (၀/၅)မိုင်၊ ၁၀ ပေ အရှည်ကွန်ကရစ်တံတား(၁)စင်း၊ ၅ ပေ Box Culvert (၂)စင်၊ (၂)ပေ Pipe Culvert (၂)လုံးတို့ကို ဆောင်ရွက်ခဲ့ပြီး မိုးရွာသွန်းမှုကြောင့် ပျက်စီးမှု ရှိ /မရှိ လမ်းအခြေအနေကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထို့နောက် တာဝန်ရှိသူများသည် ၂၀၂၁-၂၀၂၁ ခု Mini Budjet တွင် လျာထားသော ရေဝေမြင်သာအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာ ကုန်ထုတ်လမ်းအား ယင်းကျေးရွာမှာ ရပ်မိရပ်ဖများနှင့်အတူ လမ်းအခြေအနေ၊ မြေနေရာလှူဒါန်းနိုင်မှု အခြေအနေတို့ကို သွားရောက်ကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ကျော်မြိုင်