ငပုတော ဇူလိုင် ၈
ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့၌ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြေရေးနှင့် သဘာဝဘေးဒဏ် ခံရခြင်းများမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲတော်အဖြစ် ပျိုးပင်ပေါင်း ၂၀၀ ကို ယမန်နေ့နံနက်ပိုင်းက မြို့နယ် ပြည်သူ့ဆေးရုံဝန်းအတွင်း စုပေါင်းစိုက်ပျိုးခဲ့သည်။
သစ်ပင်စိုက်ပျိုးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် မြို့နယ် သစ်တော ဦးစီးအရာရှိ ဦးစိုးတင့်တို့က သစ်ပင်စိုက်ပျိုးပွဲသို့ တက်ရောက် လာကြသည့် ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များထံသို့ စိုက်ပျိုးရန် သစ်ပင်များပေးအပ်ခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူနှင့် အဖွဲ့ဝင်များ၊ မြို့နယ်သစ်တောဦးစီးဌာမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ် အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ အမျိုးသမီးရေးရာအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဝင်များနှင့် လူမှုရေးအသင်းအဖွဲ့များက ခရေ ၅၀ ပင်၊ မဟော်ဂနီ ၅၀ ပင်၊ မန်ဂျန်ရှား ၅၀ ပင်နှင့် ပျဉ်းကတိုး ၅၀ ပင်၊ စုစုပေါင်း အပင် ၂၀၀ အား စုပေါင်းစိုက်ပျိုးခဲ့ကြသည်။
သစ်ပင်များစိုက်ပျိုးခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ပြည်သူများ သိရှိပြီး ပူးပေါင်း ပါဝင်ဆောင်ရွက်နိုင်ရန်၊ သဘာဝပတ်ဝန်းကျင် စိမ်းလန်း စိုပြေရန်နှင့် သစ်ပင်သစ်တောပြုန်းတီးမှု ဒဏ်များမှ ကာကွယ်နိုင်စေရန်၊ သဘာဝဘေး ကျရောက်ခြင်းများမှလည်း ကာကွယ်နိုင်ရန်အတွက် ရည်ရွယ်ကာ စိုက်ပျိုးခြင်းဖြစ်ကြောင်း မြို့နယ်သစ်တော ဦးစီးဌာနထံမှ သိရသည်။
လှမင်းထွဋ်(ပြန်/ဆက်)