ပလောက်မြို့၌ အသက် (၅) နှစ်အောက်ကလေးငယ်များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေး

ပလောက် ဩဂုတ် ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမှတ် (၂) ရပ်ကွက်ရှိ အသက် (၅) နှစ်အောက် ကလေး များအား ဗီတာမင်အေနှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်တွင် စတင်ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ပလောက်မြို့ အမှတ် (၂) ရပ်ကွက်အတွင်းရှိ အသက် (၅) နှစ်အောက် ကလေးများအား ဗီတာမင်အေ နှင့် သံချဆေးတိုက်ကျွေးခြင်းကို ပလောက်မြို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အမျိုးသမီးကျန်းမာရေးဆရာမ ဒေါ်ရီသိန်းနှင့် ကျန်းမာရေးဝန်ထမ်းများက ဆောင်ရွက်ခဲ့ကြပြီး ကလေးများအား အပူချိန်တိုင်းပေးခြင်း၊ ကိုယ်အလေးချိန်ပေးခြင်း၊ Covid-19 ရောဂါအသိပညာပေးနှင့် မိုးရာသီကာလအတွင်း ဝမ်းပျက်၊ ဝမ်းလျှောရောဂါနှင့် သွေးလွန်တုပ်ကွေးရောဂါများ မဖြစ်ပွားစေရေး ကလေးများကို ဂရုစိုက်ကြရန် ပညာပေးပြောကြားခဲ့ကြောင်း သိရသည်။

နှင်းမြူလွင်