ကျွန်းလှ ဩဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်အရှေ့ဘက်၊ ဘိုးယား တမံအဝင်လမ်းအား မြေသားအဆင့်မြှင့်တင်ခြင်း ဆောင်ရွက်လျှက်ရှိကြောင်း မြို့နယ်စည်ပင်သာယာရေးကော်မတီမှသိရသည်။
ထို(အရှည်၁၇၀၀× အကျယ်၂၄× အမြင့်၂)ပေမြေသားအဆင့်မြှင့်တင်ခြင်းကို၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး အထွေထွေ ပိုလျံ(GRF)ရန်ပုံငွေကျပ်(၁၂)သန်းဖြင့်ဆောင်ရွက်ကြောင်းမြို့နယ်စည်ပင်သာယာ အင်ဂျင်နီယာ ဒေါ်မေဇော်ကို ကပြောကြားသည်။
အဆိုပါလမ်းအဆင့်မြှင့်တင်ခြင်းကို လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့နယ်စီမံခန့်ခွဲမှုကော်မတီများ၊ မြို့နယ် စည်ပင် သာယာရေးကော်မတီများနှင့်တာဝန်ရှိသူတို့ကအရည်အသွေးပြည့်မီပြီးသတ်မှတ်ကာလအတွင်းပြီးစီးရေးကြီးကြပ်ဆောင် ရွက်လျှက် ရှိကြောင်းသိရသည်။
မျိုးဝင်းညို(ကျွန်းလှ)