ပေါက်ခေါင်း ဇူလိုင် ၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ စီစဉ်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးအသိပညာပေး ဗီနိုင်းဆိုင်းဘုတ်များကို ပြည်-ပေါက်ခေါင်း-တောင်ငူ ကားလမ်း ပေါက်ခေါင်းမြို့လယ်တွင် ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများက စိုက်ထူခဲ့ကြသည်။
မြေစိုက်ပိုစတာတွင် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များဖြစ်သော အိမ်အပြင်ထွက်လျှင် ပါးစပ်နှင့် နှာခေါင်းစည်း(mask)၊ Face Shield တို့ကို စနစ်တကျတပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှ ခပ်ခွာခွာ နေထိုင်ရန်၊ လက်ကို စက္ကန့် ၂၀ ကြာ မကြာခဏ စနစ်တကျ ဆေးကြောရန်၊ ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ရုတ်တရက် အနံ့အရသာ ပျောက်ဆုံးခြင်း လက္ခဏာများ ပေါ်ပေါက်ပါက နီးစပ်ရာ ကျန်းမာရေးဌာနတွင် အမြန်ဆုံး ကုသမှု ခံယူရန် စသည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး နည်းလမ်းများကို ပြည်သူများ ဖတ်ရှုလေ့လာပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာလာစေရန်အတွက် စိုက်ထူပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)