သဲကုန်း ဩဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် စားသုံးသူရေးရာ ဦးစီးဌာနမှ ဦးဆောင်၍ မြို့နယ်စျေးကွက် စောင့်ကြည့် စစ်ဆေးရေး အဖွဲများနှင့် ပူးပေါင်းကာ ယနေ့နံနက် ၈ နာရီခွဲက အင်းမမြို့ စည်ပင်သာယာရေးစျေးအတွင်း ဦးစားပေး ဆောင်ရွက်ရန် သတ်မှတ်ထားသော ကုန်စည် ၁၀ မျိုးမှ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိမူ ရှိ/မရှိ စျေးကွက်စောင့်ကြည့် စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အဖွဲ့များသည် စည်ပင်သာယာဈေးအတွင်းရှိ ဈေးဆိုင်များမှ သတ်မှတ်ထားသော ကုန်စည် ၁၀ မျိုးများထဲမှ သောက်ရေသန့် အမျိုးမျိုး၊ အချိုရည်မျိုးစုံနှင့် ယိုမျိုးစုံများအား စားသုံးသူ ကာကွယ်ရေး ဥပဒေနှင့်အညီ ဆောင်ရွက်ထားရှိ မှု ရှိ/မရှိ စစ်ဆေးခဲ့ပြီး ဈေးကွက်းအတွင်းမှ မပြည့်စုံသော ကုန်စည်များအား ရက်ပေါင်း (၃၀)အတွင်း ကုန်အညွှန်း အမှတ်အသားများကို ပြန်လည် ပြင်ဆင် ဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(ပြန်/ဆက်)