မင်းကင်း သြဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ မင်းကင်းမြို့နယ် ညောင်ကုန်း-ပြေကန်- ကျောက်အိုးကျေးရွာ အုပ်စုများနှင့် မင်းကင်းမြို့ ကျေးလက် လမ်းပေါ်ရှိ ကျောက်အိုးချောင်းကူးသံကူကွန်ကရစ်တံတားတည် ဆောက်ခြင်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ လမ်းတံတားဦးစီးဌာန တည်ဆောက်ရေးအဖွဲ့(၁) တံတားအထူးအဖွဲ့မှတာဝန်ယူတည်ဆောက်နေပြီဖြစ်ကြောင်းသိရသည်။
အဆိုပါတံတားမှာ အရှည်ပေ ၁၂၀. အမြင့် ၁၁ ပေ၊အကျယ် ၂၀ ပေနှင့်ကမ်းကပ်ခုံတိုင်အပါဝင် ၃ ခန်းတွဲဖြစ်ပြီး တစ်ခန်း လျင်အရှည် ၄၀ ပေရှိကာ ယာဉ်သွားလမ်းအကျယ် ၁၈ ပေရှိမည်ဖြစ်ကြောင်းနှင့် ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် ပြည်ထောင်စု အထူး ပြင်ဆင်ခြင်းရန်ပုံငွေမှ ကျပ်သန်းပေါင်း(၁၂၀) အကုန်ကျခံ၍ ၂၀၂၀ ခုနှစ် စက်တင်ဘာလတွင် အပြီးတည်ဆောက် သွားမည် ဖြစ်ကြောင်း အငယ်တန်း အင်ဂျင်နီယာဦးမြတ်ထွန်းကို ထံမှသိရသည်။
အဆိုပါတံတားတည်ဆောက်ပြီးပါက ညောင်ကုန်း-ပြေကန်-ကျောက်အိုးကျေးရွာအုပ်စုများမှ အိမ်ထောင်စု(၇၈၉) ၊ လူဦး ရေ(၃၄၆၄)တို့၏ လူမှုရေး၊ကျန်းမာရေးနှင့် ကုန်စည်စီးဆင်းမှုတို့ကို လျင်မြန်စွာဆောင်ရွက်နိုင်မည်ဖြစ်သည်။
လှငွေ(မင်းကင်း)