ကော့ကရိတ်မြို့တွင် နေရပ်ပြန်ပြည်သူ​​များ ထပ်မံ​ရောက်ရှိ

​ကော့ကရိတ် သြဂုတ် ၁၁

ကရင်ပြည်နယ်၊ ​ကော့ကရိတ်မြို့တွင် နေရပ်ပြန်ပြည်သူ​​များ ပြန်လည်ဝင်​ရောက်လျက်ရှိရာ ယမန်​နေ့နံနက် (၁၁) နာရီချိန်တွင် ဘားအံမြို့​ စောင့်ကြည့်​ရေးစခန်းမှတစ်ဆင့်​ နေရပ်ပြန်ပြည်သူ​​ (၃၀) ဦး ထပ်မံ​ရောက်ရှိခဲ့သည်။

နေရပ်ပြန်ပြည်သူ​​များသည် ကော့ကရိတ်မြို့မှ (၂၈) ဦး၊ ကြာအင်းဆိပ်ကြီးမြို့မှ (၂) ဦး စုစုပေါင်း (၃၀) ဦးဖြစ်ပြီး ဘားအံမြို့တွင် Quarantine ဝင်​ရောက်ပြီး ကျန်းမာ​ရေး​ဆေးစစ်ချက်ခံယူပြီးသူများ ဖြစ်သည်။ အဆိုပါပြန်လည်ရောက်ရှိလာ​သော ပြည်သူ များကို​ ကော့ကရိတ်မြို့ မြို့မအားကစားကွင်းတွင် စုရပ်ထားရှိကာ​ ကော့ကရိတ်မြို့နယ်​ အ​ထွေ​ထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သက်ဆိုင်ရာတာဝန်ရှိဌာနဆိုင်ရာများ၊ ရပ်ကွက်​ကျေးရွာမှ တာဝန်ရှိသူများက ​မိမိတို့​နေထိုင်သည့်သက်ဆိုင်ရာ​နေရပ်များသို့ ပြန်လည်ပို့​ဆောင်​ရေးအတွက် စီစဉ်ဆောင်ရွက်​​ပေးခဲ့ကြ​ကြောင်း သိရသည်။

ခင်မျိုး၀င်း(ခရိုင်ပြန်ဆက်)