ဘုရားသုံးဆူ ဇူလိုင် ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံး မှ “ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ယနေ့နေ့လယ် ၁၀ နာရီအချိန် က ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ဆောင်ရွက်ပေးခဲ့ရာတွင် ဘုရားသုံးဆူမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဥက္ကာနှင့် ဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြားအသစ်ပြုလုပ်သူ အသက်(၁၆)နှစ်အထက်နှင့် အသက်(၁၈)အောက် (၁၂)ဦး ကိုလည်းကောင်း၊ အသက်(၁၈)နှစ်ပြည့်ပြီးနှင့် အထက်(၂၂)ဦး၊ စုစုပေါင်း(၃၄)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ (အခမဲ့) ပြုလုပ်ပေးခြင်းများကို ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ “ပန်းခင်းစီမံချက်” ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား များပြုလုပ်ဆောင်ရွက်ပေးခြင်းကို သတ်မှတ်ကာလအတွင်း ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ် ကြောင်းကို ဘုရားသုံးဆူမြို့၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးဥက္ကာထံမှ သိရသည်။
ဘုရားသုံးဆူ