ဖရူဆို သြဂုတ် ၁၁
ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကလေးငယ်များအား နှစ်စဉ်နှစ်တိုင်း ပုံမှန် ကာကွယ်ဆေး တိုက်ကျွေးခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ဖရူဆိုမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာန မှ အသက် ၆ လ မှ အသက်ငါးနှစ်အောက် ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် ၈ နာရီ အချိန်က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန Community Centre ခန်းမ၌ ဆောင်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် ဖရူဆိုမြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးဌာနမှ အမျိုးသမီးကျန်းမာရေး ဆရာမ ဒေါ်လင်းဒါနှင့် ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်များဖြစ်သော ထီးတရဲရပ်ကွက်၊ ညောင်ဇင်ရပ်ကွက်နှင့် ထီးကူဆို ရပ်ကွက် အတွင်းရှိ အသက် ၆ လ မှ အသက်ငါးနှစ်အောက် ကလေးငယ်(၂၅၂)ဦး အား ပုံမှန်ကာကွယ်ဆေးများ ဖြစ်သော Vitamin – A၊ သန်ချဆေးနှင့် အသက် ၂ နှစ်အောက် ကလေးငယ်များအား Vitamin and Mineral Power အာဟာရ မုန့်တိုက်ကျွေးခြင်း လုပ်ငန်းကို ကျန်းမာရေးဦးစီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ပြီး ကျန်ရှိနေသော ဒီးဒါးကူးရပ်ကွက် နှင့် လောဘူးဒါးရပ်ကွက်အတွင်းရှိ ငါးနှစ်အောက်ကလေးငယ် (၁၈၀) ဦး တို့ကိုလည်း (၁၂-၈-၂၀၂၀ ) ရက်နေ့တွင် ပုံမှန်ကာကွယ်ဆေးများ ဆက်လက်တိုက်ကျွေးပေးသွားမည် ဖြစ်ကြောင်း သိရသည်။
တောရယ်(ပြန်/ဆက်)