သရက်ခရိုင်အတွင်း နိုင်ငံရေးပါတီများမှ လျှောက်ထားသည့် လွှတ်တော်ကိုယ်စားလှယ်လောင်းများအား စိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်

သရက် ဩဂုတ် ၁၁

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် (၁၀) နာရီက ၂၀၂၀ ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် နိုင်ငံရေးပါတီများမှ လွှတ်တော်ကိုယ်စားလှယ် လောင်း များအား စိစစ်ခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့သည်။

အဆိုပါ စိစစ်ဆောင်ရွက်ခြင်းကို ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွွဲဉက္ကဌ ဦးသိန်းစိုးနှင့် အဖွဲ့ဝင် များက ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်လောင်း (၂၉) ဦး၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း (၈) ဦး၊ မကွေးတိုင်းဒေသကြီး မဲဆန္ဒနယ်မြေ အမှတ်(၁)မှ ကိုယ်စားလှယ်လောင်း (၃၁) ဦး၊  မဲဆန္ဒနယ်မြေ အမှတ်(၂)မှ ကိုယ်စားလှယ်လောင်း(၃၁)ဦးကို ဩဂုတ်(၁၁)ရက်မှ(၁၇)ရက်အထိ စိစစ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း သိရသည်။

ဇော်ထက်(သရက်)