ဒီးမော့ဆို သြဂုတ် ၁၁
တောင်သူများ လယ်ယာသုံးစက်ကိရိယာများ စနစ်တကျ ကိုင်တွယ်မောင်းနှင်တတ်စေရန်နှင့် ကြံခိုင်မှု ထိန်းသိမ်း ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းအချိန်က ဒီးမော့ဆိုမြို့နယ် အမှတ်(၈၆) စက်မှု လယ်ယာစခန်း (ခွဲ) တွင် လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) သင်တန်း(၁/၂၀၂၀)ကို ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲတွင် စက်မှုလယ်ယာဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးခင်မောင်ဝင်းက အမှာစကားပြောကြားပြီး လွိုင်ကော် မြို့နယ် ဦးစီးဌာနမှူး ဦးဇော်လင်းက သင်တန်းဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်နှင့် သင်တန်းဆိုင်ရာများကို ရှင်းလင်း ပြောကြား သည်။
သင်တန်းတွင် ဒီးမော့ဆိုမြို့နယ်အတွင်းရှိ တောင်သူ(၂၀)ဦး တက်ရောက်ကြပြီး ထွန်စက်နှင့် ထွန်ယက်ကိရိယာများ ထိန်းသိမ်းမှု၊ စပါးရိတ်သိမ်းခြွေလှေ့ စက်နှင့်လက်တွန်းထွန်စက်များ မောင်းနှင်ပြုပြင် ထိန်းသိမ်းမှုများကို စာတွေ့၊ လက်တွေ့ဖြင့် (၁၀)ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကြီးဒဲရယ်