အုတ်ဖို ဇူလိုင် ၇
ပြည်သူများ သွားလာရေးနှင့် ရေစီးရေလာကောင်းမွန်ရေးအတွက် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီ ခရိုင်၊ အုတ်ဖိုမြို၊ ရွာမရပ်ကွက်တွင် တိုင်းဒေသကြီးရန်ပုံငွေဖြင့် လျှပ်စစ်ကွက်သစ်(၂) လမ်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် ရေမြောင်းတည်ဆောက်ခြင်းလုပ်ငန်းမှာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ် ကြောင်းသိရသည်။
အဆိုပါလမ်းတွင် ယခင်က မိုးရာသီ၌ ရေကြီးရေလျှံမှုဖြစ်ပေါ်တက်ပြီး သွားလာရေး ခတ်ခဲတဲ့ အတွက် လမ်းအရှည် (၃၀၀) ပေ၊ အကျယ်(၁၂)ပေ၊ အမြင့်(၈)လက်မ)နှင့် ရေမြောင်းအရှည် (၃၀၀)ပေ၊ အကျယ်(၂)ပေခွဲ၊ အမြင့်(၂)ပေ ဖြင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ်စည်ပင် အမှုဆောင်အရာရှိ ဦးဖြိုးဝေအောင်ထံမှ သိရသည်။ ယခုအခါ အဆိုပါလုပ်ငန်းမှာ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်တဲ့အတွက် ရပ်ကွက်နေပြည်သူများအနေဖြင့် မိုးရာသီရေကြီးရေလျှံမှုမှ ကင်းဝေးစေပြီး စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေးနှင့် ကျောင်းသားကျောင်းသူများ၏ ပညာရေးတို့တွင် ပိုမို အဆင်ပြေချောမွေ့နိုင်မည်ဖြစ်ကြောင်း သိရသည်။
အောင်သူ