ကြံခင်း ဇူလိုင် ၇
ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် ကြံခင်းမြို့နယ် ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီသို့ ကာကွယ်ရေးလုပ်ငန်း များတွင် အသုံးပြုရန် အလှူငွေပေးအပ်ပွဲ အခမ်းအနားကိုယမန်နေ့ နံနက်ပိုင်း က ကြံခင်းမြို့ဧရာဦးခန်းမတွင် ပြုလုပ်ခဲ့ကြောင်းသိရသည်။
ပထမဦးစွာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးသိန်တန်မှ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုများပြားလာသည့် အတွက်. ကော်မတီအဖွဲ့ဝင်များအနေဖြင့် ပူးပေါင်းပြီး ကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများ၊ ပေါင်းစပ်ပြီးဆောင်ရွက်ရမည့်လုပ်ငန်းများတွင် ပါဝင်ကြရန်နှင့် လူမှုရေးအဖွဲ့ဝင်များလည်း ကာကွယ်ရေးတွင် ပူးပေါင်းပါဝင်ပေးကြလို့ လေးစားပါကြောင်း ပြောကြားခဲ့ပါသည်။
ထိုနောက် တတ်ရောက်လာကြသော ကိုဗစ်-၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အဖွဲ့ဝင်များမှ အရေးပေါ်ကာကွယ်ရေးလုပ်ငန်း ကိစ္စနှင့် ပတ်သက်၍အသီးသီးဆွေးနွေးကြကြောင်း သိရသည်။
ဆက်လက်ပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် လူမှုရေး အသင်းအဖွဲ့များ ၊စေတနာရှင် ပြည်သူများက အလှုငွေများပေးအပ်လှုဒါန်းရာ မြို့နယ်ကိုဗစ် - ၁၉ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဌနှင့်အဖွဲ့ကလက်ခံပြီး၊ ကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန်ရရှိ သော အလှုငွေကျပ်သိန်း(၂၀) အား မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးမှူး ဒေါက်တာဝင်းနိုင်ထံသို့ပေးအပ် လှုဒါန်းခဲ့ကြောင်းသိရသည်။