ကျောက်မြောင်း သြဂုတ် ၁၁
ကျောက်မြောင်းမြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနရုံးမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား သစ္စာစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ရရှိရေးကို ယနေ့နံနက်ပိုင်း က မအူကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
သစ္စာစီမံချက်ဖြင့် အသက်(၁၈နှစ်) ပြည့်ပြီးသည့် ပြည်သူများအား နိုင်ငံသား စိစစ်ရေးကတ်ပြားများရရှိ ရေးကို ကျေးရွာကော်မရှင်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ပူးပေါင်း၍ မအူကျေးရွာတွင် ဆောင်ရွက် ပေးမည်ဖြစ်ပြီး ကျန်ရှိနေသည့် ရပ်ကွက်/ ကျေးရွာများကိုလည်း အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ကျောက်မြောင်းမြို့(ဒု-လဝကမှူး) ဦးအောင်သူစိုးထံမှ သိရသည်။
ဇင်ပိုင်မှူး(ကျောက်မြောင်း)