ရှားတော သြဂုတ် ၁၁
ခြင်၊ ပိုးလောက်လမ်းများ ရှင်သန်ပေါက်ဖွားမှုကို ဟန့်တားစေရန်နှင့် သွေးလွန်တုပ်ကွေးရောဂါ ကြိုတင် ကာကွယ်နိုင်ရန် ရည်ရွယ်၍ ရှားတောမြို့နယ် ကျန်းမာရေးဦးစီးဌာနက မြို့ပေါ်ရပ်ကွက်တွင် တစ်အိမ်တက်/ဆင်း အဘိတ်(Abate) ဆေးခတ်ခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းကို ယနေ့ နံနက်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရှားတောမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဒေါ်လုလူဖော (သားဖွားဆရာမ)နှင့် အဖွဲ့တို့သည် ရှားတော မြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်တွင် တစ်အိမ် တက်/ဆင်း ကွင်းဆင်း၍ ရေလဲလှယ် ရခက်ခဲသော ရေတွင်း ရေကန်များကို အဘိတ်(Abate) ဆေးခပ်ခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ၊ ငှက်ဖျားရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများ ဆောင်ရွက်ခြင်းနှင့် ကျန်းမာရေး အသိပညာ ပေးဆောင်ရွက်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။
ထွန်းအောင်(ပြန်/ဆက်)