ဘုရားသုံးဆူ ဇူလိုင် ၇
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရားသုံးဆူမြို့ တွင် ကိုဗစ် ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ကြိုးစားဆောင်ရွက်လျက်ရှိပြီး ရောဂါကူးစက်မှုမရှိစေရေးနှင့် ထိန်းချုပ်နိုင်ရေးအတွက် ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ အသံချဲ့စက်များဖြင့် ယနေ့ နံနက် ၈ နာရီအချိန်တွင် မြို့တွင်း၌ လှည့်လည် ဟောပြောအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါဆောင်ရွက်မှုများကို မြို့အုပ်ချုပ်ရေးမှူး ဦးဇော်မိုးက ကြီးကြပ်ပြီး ဘုရားသုံးဆူမြို့ ကြက်ခြေနီတပ်ဖွဲ့မှ တပ်ဖွဲ့မှူး ဦးမြင့်နိုင် က ဦးဆောင်၍ တပ်ဖွဲ့များဖြင့် မြို့တွင်းသို့ လှည့်လည်ပြီး ကိုဗစ် ၁၉ နှင့် ပတ်သက်သော အသိပညာပေး အကြောင်းအရာများအား အသံချဲ့စက်များဖြင့် လှည့်လည်ကြေညာခဲ့ပြီး ဘုရားသုံးဆူမြို့ Youth Volunteer အဖွဲ့မှ ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)