လပွတ္တာ သြဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန လပွတ္တာခရိုင် ဦးစီးမှူးရုံးမှ သြဂုတ်လအတွင်း လပွတ္တာမြို့တွင်ဖြစ်ပွားသော လေပြင်းတိုက်ခတ်မှုကြောင့် ပြိုကျပျက်စီးခဲ့သည့် နေအိမ် (၂) လုံး၊ အိမ်ထောင်စု (၂) စုမှ လူဦးရေ (၈)ဦးအတွက် ကယ်ဆယ်ရေး ပစ္စည်း(၁၇)မျိုးပါ (၂)ပုံး၊ ဆန်ရိက္ခာဘိုး (၁၆၈၀၀)၊ အိမ်ဆောက်ပစ္စည်း (၂၀၀၀၀၀) သိန်းတို့အား ဘေးသင့်ပြည်သူများထံသို့ ထောက်ပံ့ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှု ဒုတိယလှိုင်း မဖြစ်စေရန် ကြိုတင်ကာကွယ်ရေးနှင့် ရာသီအလိုက် ဖြစ်ပွားတက်သော သဘာဝဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေး အသိပေးနှိုးဆော်ခြင်းများ၊ လက်ကမ်းစာစောင်များ၊ ဗီနိုင်းနှင့် First Aid Kid ဝေငှခြင်းတို့အား လပွတ္တာ မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၂၂)အုပ်စုမှ ကျေးရွာပေါင်း (၄၈)ရွာတို့တွင် အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝင်းကျော်မြင့် (လပွတ္တာခရိုင် ပြန်/ဆက်)