အုတ်တွင်း သြဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန၊ စက်မှု လယ်ယာဦးစီးဌာနမှ ကြီးမှူးကျင်းပသော လယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု(အခြေခံ) တောင်သူ ပညာပေး သင်တန်းကို ယမန်နေ့ နံနက်ပိုင်းက အုတ်တွင်းမြို့ စက်မှု လယ်ယာဦးစီးဌာန၊ အမှတ်(၉၈) စက်မှုလယ်ယာစခန်း ခန်းမ တွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါလယ်ယာသုံးစက်ကိရိယာ မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) တောင်သူပညာပေး သင်တန်းဖွင့်ပွဲကို မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆန်းနိုင်က သင်တန်းဖွင့်လှစ်ပို့ချရခြင်းနှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့သည်။
ထိုသို့ သင်တန်းဖွင့်လှစ်ပို့ချရာတွင် ရပ်ကွက်ကျေးရွာမှ တောင်သူ သင်တန်းသား(၄၂)ဦး၊ ဌာနဆိုင်ရာ များ တက်ရောက်ပြီး သင်တန်းကာလကို သြဂုတ်လ ၁၀ ရက်မှ သြဂုတ်လ ၂၁ ရက်ထိ ရက်ပေါင်း ၁၂ ကြာ သင်တန်းဖွင့်လှစ် ပို့ချသွားမည် ဖြစ်ကြောင်း မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ သိရှိရသည်။
ခင်မာ(ပြန်/ဆက်)