ထန်းတပင်မြို့နယ်၌ မဲဆန္ဒရှင် အမည်စာရင်းများ ကပ်ထားကြေညာထားရှိမှုများအား မြို့နယ်ကော်မရှင် အဖွဲ့ခွဲမှ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

ထန်းတပင် (ပဲခူး) ဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက ယနေ့ နံနက်ပိုင်းက မြို့ပေါ် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ မဲဆန္ဒရှင် အမည်စာရင်းများ ကပထားကြေညာထားရှိမှုအား ကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်အနေဖြင့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခွင့်ရှိ သူပေါင်း လျာထား စာရင်းအရ (၉၅၀၀၀)ကျော်အထိရှိကြောင်း မြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာများရှိ ရပ်/ကျေး ကော်မရှင် အဖွဲ့ခွဲရုံးများ၌ မဲဆန္ဒရှင်များ၏စာရင်းများ ကပ်ထားကြောညာရာတွင် စနစ်တကျရှိစေရေး ပထမအကြိမ် မဲဆန္ဒရှင် စာရင်းများကို ဂုတ်လ(၁၄) ရက်နေ့အထိ တိုးမြှင့်ကြေညာထားကြောင်း ၎င်းကာလအတွင်း မဲဆန္ဒရှင်စာရင်း၌ မိမိ အမည်မပါရှိလျှင် ပုံစံ(၃)ဖြင့် တောင်းယူဖြည့်စွက်ရန် မဲစာရင်း၌ မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ(၄)ဖြင့် တောင်းယူ ဖြည့်စွက် ကန့်ကွက်ရန် မဲစာရင်း၌ ပါနေသည့် အချက်အလက်များကို ပြင်ဆင်လိုလျှင် ပုံစံ(၄-ဂ)ဖြင့် တောင်းယူဖြည့်စွက် ပြင်ဆင်ရန် တို့ကို ပြည်သူများအား အသိပေးဆွေးနွေးခြင်း ပြန်လည် ပြင်ဆင်ပေးရန် လျှောက်ထားလာမှုများရှိပါက ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲအနေဖြင့် သတ်မှတ်ထားသောပုံစံများဖြင့် စနစ်တကျဆောင်ရွက်ရန် ဒုတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ပြန်လည်ကပ်ထားကြေညာချိန်၌ ပိုမိုတိကျပြီး စာရင်းမှန်ကန်မှုရရှိစေရေးအတွက် ရပ်ကွက်/ ကျေးရွာ ကော်မရှင် အဖွဲ့ခွဲများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြရန် အသီးသီးဆွေးနွေးခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်တွင် ဆန္ဒမဲပေးနိုင်သည့် မဲရုံပေါင်း(၉၄)ရုံ ထားရှိပြီးဂုတ်လ ဒုတိယပတ်အတွင်း ပုံစံ(၃) တောင်းဆို သူ ဦးရေ(၁၃၉)ဦး ၊ ပုံစံ(၃-က)တောင်းဆိုသူဦးရေ ( ၁ )ဦး ၊ပုံစံ (၄-ဂ )ပြင်ဆင်သူဦးရေ (၁၃၄) ဦး ၊ ပုံစံ (၄ )ကန့်ကွက်လွှာ အတွက် ဦးရေ (၅၉ )ဦးအထိရှိကြောင်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။

သန်းထွန်း (ပြန်/ဆက်)