အင်းတော် ဩဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်အတွင်း ၂၀၂၀ ခုနှစ်၊ ဇူလိုင်လ ( ၂၅ ) ရက်နေ့မှစတင်၍ အခြေခံမဲဆန္ဒရှင် စာရင်းများအား ပထမအကြိမ် ကပ်ထားကြေငြာထားရှိခဲ့ရာ မဲဆန္ဒရှင် စာရင်းများတွင် လိုအပ်လျက်ရှိသော အချက်အလက် များအား ပြင်ဆင်၊ ဖြည့်စွက်နိုင်ရေးအတွက် ဆောင်ရွက် မည့်လုပ်ငန်းစဉ်များ ညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က အင်းတော်မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြု လုပ်ခဲ့သည်။
အင်းတော်မြို့နယ်အနေဖြင့် ပထမအကြိမ် မဲစာရင်းများ ကပ်ထားကြေငြာရာတွင် မဲဆန္ဒရှင်ဦးရေ ပေါင်း ( ၉၃၆၃၂ ) ဦးရှိခဲ့ပြီး၊ မဲစာရင်းတွင် နိုင်ငံသားကတ်ဖြည့်သွင်းရန် ( ၄၉၀၂ ) ဦး၊ မွေးသက္ကရာဇ်ဖြည့်သွင်း ရန် ( ၅၉၄ ) ဦး၊ အဘအမည် ဖြည့်သွင်းရန် ( ၁၄၄ ) ဦးနှင့် အမိအမည်ဖြည့်သွင်းရန် ( ၁၀၈၉ ) ဦး ရှိကြောင်း ယနေ့အချိန်တွင် ပြင်ဆင်ဖြည့်စွက်ပြီး လက်ကျန်စာရင်းအရ နိုင်ငံ သားကတ်ဖြည့်သွင်းရန် ( ၁၅၀၀ ) ဦးခန့်၊ မွေးသက္ကရာဇ်ဖြည့်သွင်းရန် ( ၂၀၀ ) ဦးခန့်၊ အဘအမည် ဖြည့်သွင်းရန် ( ၇၀ ) ဦးခန့်နှင့် အမိအမည် ဖြည့်သွင်းရန် ( ၅၀၀ ) ဦးခန့်သာ ကျန်ရှိတော့ကြောင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းများအား ပြည့်စုံမှန်ကန် နိုင်ရေး အတွက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များ၊ ရပ်/ကျေးကော်မရှင်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ များ၊ မဲဆန္ဒရှင်ပြည်သူများမှ ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ အခြေခံမဲဆန္ဒရှင်စာရင်းများတွင် မဲဆန္ဒရှင်စာရင်း အချက်အလက်များ ပြည့်စုံစွာ ပြင်ဆင်ဖြည့်စွက်ပြီး အချိန်နှင့်တပြေးညီ ပြီးစီးနိုင်ရေး အတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ပါကြောင်း အင်းတော်မြို့နယ် မြို့နယ်ရွေးကောက်ပွဲ အရာရှိ ဦးဘုန်းမြင့်က တင်ပြဆွေးနွေးခဲ့သည်။
အဆိုပါ ညှိနှိုင်းဆွေးနွေးပွဲတွင် အင်းတော်မြို့နယ် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ ဦးတင်လှိုင်က အမှာစကား ပြောကြားခဲ့ပြီး၊ မြို့နယ်ရွေးကောက်ပွဲ အရာရှိက မဲဆန္ဒရှင် စာရင်းများတွင် လိုအပ်လျက်ရှိသော အချက်အလက်များအား ပြင်ဆင်၊ ဖြည့်စွက်၍ အချိန်နှင့်တပြေးညီ ပြီးစီးနိုင်ရေး ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရှင်းလင်း ဆွေးနွေးခဲ့ရာ တက်ရောက်လာကြသော မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များက လုပ်ငန်း စဉ်များနှင့် ပတ်သက်၍ ပြန်လည် ဖြည့်စွက် ဆွေးနွေး ခဲ့ကြကြောင်း သိရသည်။
ကျော်သီဟ(မြို့နယ် ပြန်/ဆက်)