လက်ပံတန်းမြို့နယ်၌ Grade-4 သင်တန်းတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး ကျန်းမာရေး အသိပညာပေးဟောပြောပွဲပြုလုပ်

လက်ပံတန်း ဩဂုတ် ၁၁

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ကျန်းမာရေး အသိပညာ ပေး ဟောပြောပွဲကို အ.ထ.က(၁) လက်ပံတန်းကျောင်း ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်ပညာရေးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းဌေးက အဖွင့်အမှာ စကားပြောကြား၍ ကျောင်း ကျန်းမာရေး ကော်မတီဝင် လက်ပံတန်းမြို့နယ် ပြည်သူ့ဆေးရုံမှ ဒေါက်တာဝင်းထွန်းဦးက ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ရေး အတွက် လိုက်နာဆောင်ရွက်ရမည့် ဆောင်ရန်ရှောင်ရန် အချက်များ၊ ကျန်းမာရေးဆိုင်ရာ သိကောင်းစရာကို ရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်အတွင်းရှိ စတုတ္တတန်း သင်ရိုးသစ်သင်တန်းသို့ တက်ရောက်လျက်ရှိသည့် မူလတန်းပြ ဆရာ၊ ဆရာမ(၉၈)ဦး၊ သင်တန်း နည်းပြ ဆရာ၊ ဆရာမများ၊ ကြီးကြပ်ဆရာ၊ ဆရာမများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင့်နန္ဒာဌေး