ယင်းမာပင် ဩဂုတ် ၁၁
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အောင်ဇေယျမြို့သစ်၊ သီတဂူ ချင်းတွင်းဗုဒ္ဓတက္ကသိုလ်(မုံရွာ)၌ သီတဂူချင်းတွင်း ဗုဒ္ဓတက္ကသိုလ်(မုံရွာ)ဩဝါဒခံယူခြင်းနှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့ နံနက် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ကြွရောက်လာကြကုန်သော သံဃာတော်အရှင်သူမြတ်များနှင့် တပည့်ဒါယကာ၊ ဒါယိ ကာမအပေါင်းတို့က နမောတဿ မဟာပဏာမ ဂါထာတော်ဖြင့် ဘုရားရှစ်ခိုးကန်တော့ကာ အခမ်းအနားအား ဖွင့်လှစ်ပြီး သီတဂူကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်များ၏ အဓိပတိ၊ တွဲဖက်ရွှေကျင်သာသနာပိုင်ဖြစ်တော်မှုသော် ကျေးဇူးတော်ရှင် သီတဂူ ဆရာ တော် ဘုရားကြီးထံမှ ငါးပါးသီလ ခံယူတော်မှုခဲ့ကြသည်။
ယင်းနောက် တပည့်ဒါယကာ၊ ဒါယိကာမအပေါင်းတို့က ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းခြင်းနှင့် ရေအလှူတော်၀တ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သီတဂူဆရာတော်ဘုရားကြီးထံမှ ဩဝါဒကထာ နာကြားကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက် သွန်းချ အမျှပေးဝေခဲ့ကြသည်။
သန်းဌေးအောင်(ကနီ)