စလင်းမြို့နယ်တွင် ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်း ညှိနှိုင်း အစည်းအဝေးကျင်းပ

စလင်း၊ ဩဂုတ်လ ၁၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ဆောင်ရွက်ရမည့်လုပ်ငန်းများစနစ်တကျ စီမံထားရှိရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနရုံးရှိ စည်သူခန်းမ၌ကျင်းပရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲမှ အတွင်းရေးမှူးများ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးများတက်ရောက် သည်။

ရှေးဦးစွာမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးဟိန်းဆက်မှ ၂၀၂၀ ပြည်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကာလတွင် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့်ညွှန်ကြားချက်၊ ဉပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီဆောင်ရွက်ရန်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များအား မဲစာရင်းဆိုင်ရာလုပ်ငန်းများအား စနစ်တကျ ကြိုတင်စီမံဆောင်ရွက်ကြရန်နှင့် လိုအပ်သည်များကို ပူးပေါင်းဆောင်ရွက်ရန်ပြောကြားသည်။

ဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဉက္ကဌ ဉီးဗိုလ်ရဲမှ ရွေးကောက်ပွဲကျင်းပရက် နီးကပ်လာသည့်နှင့်အညီ ဆောင်ရွက်ရမည့်လုပ်ငန်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က လမ်းညွှန်ချက်များနှင့် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးနှင့် ပထမအကြိမ်မဲဆန္ဒရှင်စာရင်းကြေငြာ စဉ်ကာလအတွင်းတွေ့ရှိရသည့် အခြေအနေများကို ဆွေးနွေး ပြောကြားသည်။

ထို့နောက် မြို့နယ်ကော်မရှင်ရုံးမှ ဦ:စီးအရာရှိ ဒေါ်ဥမ္မာမြင့်နှင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဦ:စီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဉီးကျော်မြင့်ဉီးတို့မှ  မဲစာရင်းနှင့်ပတ်သက်၍လုပ်ငန်း စဉ်များအားရှင်းလင်း ဆွေးနွေး ပြောကြားသည်။

စလင်းမြို့နယ်အတွင်းတွင် မဲရုံပေါင်း ၁၇၉ ရုံဖွင့်လှစ်သွားမည့်ဖြစ်ပြီး ပထမအကြိမ်မဲစာရင်းအရ ဆန္ဒမဲပေးခွင့်ရှိသူ ၁၉၇၈၆၁ ဦးရှိကြောင်းသိရသည်။

မောင်လွင်(ပြန်/ဆက်)