မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကျောင်းသားကျောင်းသူများ ကိုယ်ကာယ ကျန်းမာကြံ့ခိုင် စေရေး ကိုယ်လက်လှုပ်ရှား အားကစားလေ့ကျင့်ခန်းများ လေ့ကျင့်သင်ကြားပေး

ပွင့်ဖြူ  ဩဂုတ် ၁၁

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန မြို့နယ်အားကစားမှူး ဦးရန်လင်း အောင် ဦးဆောင်သော ဝန်ထမ်းများအဖွဲ့သည် ဩဂုတ် ၁၁ ရက် ၊ နံနက် ၈ နာရီက ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ အခြေခံ ပညာအထက်တန်းကျောင်းသို့ သွားရောက်ပြီး ကျောင်းသားကျောင်းသူများ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေး အတွက် Myanmar Fitness Dance အကနှင့် ကိုယ်လက်လှုပ်ရှား အားကစားနည်းစနစ်များကို လက်တွေ့သရုပ်ပြ လေ့ကျင့် သင်ကြား ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်စေရေးအတွက် ကိုယ်လက်လှုပ်ရှား အားကစားနည်းများ လေ့ကျင့်သင်ကြား ပေးရာတွင် ရှေးဦးစွာ မြို့နယ်အားကစားမှူး ဦးရန်လင်းအောင် က အားကစားလေ့ကျင့်မှုများ ပြုလုပ်ခြင်းဖြင့် ရရှိလာမည့် အကျိုး ကျေးဇူးများနှင့် အားကစားလေ့ကျင့်ခန်း ပြုလုပ်ရာတွင် လိုက်နာရမည့် ဆောင်ရန်ရှောင်ရန်များကို အသိပညာပေး ရှင်းလင်း ဆွေးနွေး ပြောကြားပြီး ကျောင်းသားကျောင်းသူများကို Myanmar Fitness Dance အကနှင့် သွေးပူလေ့ကျင့်ခန်း အတွဲ(၁ ၊ ၂) ကိုယ်လက်လှုပ်ရှား အားကစားနည်းစနစ်များကို စနစ်တကျ လက်တွေ့သရုပ်ပြ လေ့ကျင့်သင်ကြားပေးရာ ကျောင်းသား ကျောင်းသူများက စိတ်ဝင်တစ်စား လေ့ကျင့်သင်ကြားခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့နယ်အားကစားမှူး ဦးရန်လင်းအောင်နှင့် ဝန်ထမ်းများအဖွဲ့သည် အားလပ်ချိန်တွင် အားကစား လေ့ကျင့် နိုင်ရေးအတွက် ဘော်လီဘောကစားကွင်းနှင့် ပိုက်ကျော်ခြင်းကစားကွင်းများကို ပြုလုပ်ဆောင်ရွက်ပေးပြီး လိုအပ်သော အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ် ထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။ 

ရဲဝင်းနိုင် ( ညောင်ဦး )