တီးတိန်၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာ ပိုးတွေ့(၅)ဦး ထပ်မံတွေ့ရှိ

တီးတိန် ဇူလိုင် ၆

ချင်းပြည်နယ် တီးတိန်မြို့၌ ကိုဗစ်-၁၉ရောဂါပိုး ရှိ/မရှိ​ သံသယလူနာများအား ပြည်သူ့​ဆေးရုံ၌ ယမန်နေ့က ၂၇ ဦး စစ်ဆေးရာ (၅)ဦးတွင် ကိုဗစ်-၁၉ရောဂါပိုး တွေ့ရှိကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့လူနာများသည် အမျိုးသား(၂)ဦး အမျိုးသမီး(၃)ဦးဖြစ်ပြီး တီးတိန်မြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူသူ ကိုဗစ်-၁၉ရောဂါပိုးတွေ့ လူနာ(၄)ဦးသည် ကျန်းမာရေး ကောင်းမွန်၍ ယနေ့ဆေးရုံမှ ဆင်းခွင့်ရရှိကြောင်း တီးတိန်မြို့ ပြည်သူ့ဆေးရုံ တာဝန်ရှိသူများထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)