တမူးမြို့နယ်တွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စာရင်းများ ပိုမို ပြည့်စုံမှန်ကန်စေရေး ရက်တိုးမြှင့် ထုတ်ပြန် ကြေညာ ထားရှိမှုကို တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

တမူး သြဂုတ် ၁၁

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်များတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ ရက်တိုးမြှင့် ထုတ်ပြန်ကြေညာထားရှိမှုများကို သြဂုတ်(၁၀)ရက်နေ့က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။
ထိုသို့ မဲဆန္ဒရှင်စာရင်းများ ရက်တိုးမြှင့် ထုတ်ပြန် ကြေညာထားရှိမှုများကို တမူးမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးနေဝင်း၊ အတွင်းရေးမှူး ဦးရန်ဇမန်းနှင့်အဖွဲ့ဝင်များမှ မြို့ပေါ်ရပ်ကွက်များဖြစ်သည့် မြို့မရပ်ကွက်၊ စျေးတန်းရပ်ကွက်၊ စော်ဘွားရပ်ကွက်၊ စန္ဒကူးရပ်ကွက်တို့ရှိ ကော်မရှင်အဖွဲ့ခွဲရုံးများသို့ သွားရောက်၍ ကြည့်ရှုစစ်ဆေးခြင်းနှင့်ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများနှင့် တွေ့ဆုံ၍ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ဆွေးနွေးခဲ့သည်။

တမူးမြို့နယ်တွင် ပထမအကြိမ်အဖြစ် မဲဆန္ဒရှင်စာရင်းများ ထုတ်ပြန်ကြေညာခြင်းကို မြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် ဇူလိုင်(၂၅)ရက်နေ့မှသြဂုတ်လ(၇)ရက်နေ့အထိ (၁၄)ရက်ကြာထုတ်ပြန်ကြေညာပေးခဲ့ပြီး မဲဆန္ဒရှင်စာရင်းများ ပိုမိုပြည့်စုံမှန်ကန်စေရေးအတွက် သြဂုတ်လ(၁၄) ရက်နေ့မှ(၈)ရက်နေ့ အထိ(၇)ရက် ထပ်မံ တိုးမြှင့်ကပ်ထားကြေညာလျက်ရှိပြီးပြည်သူများ အနေဖြင့် မဲစာရင်း များ ကပ်ထားကြေညာသည့် ကာလအတွင်းမဲဆန္ဒရှင်စာရင်းတွင် မိမိအမည် ပါ/မပါ၊ အချက်အလက် မှန်/ မမှန်စစ်ဆေးရန်နှင့် ပြင်ဆင်ဖြည့်စွက်လိုသော ပုံစံများကို ရပ်ကွက်နှင့်ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲရုံးများတွင် ထုတ်ယူနိုင်ကြောင်းသိရှိရသည်။

ကျော်သူရ(ပြန်/ဆက်)