မြန်အောင် သြဂုတ် ၁၁
ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၉)ခုဖြင့် ဖြေဆိုခဲ့ရာ အောင်ချက် (၃၄.၆၈) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးက သိရသည်။
မြန်အောင်မြို့နယ်တွင် (၆)ဘာသာ ဂုဏ် ထူး ၁ ဦး၊ (၅)ဘာသာဂုဏ်ထူး ၃ ဦး၊ (၄) ဘာသာဂုဏ်ထူး ၁၀ ဦး၊ (၃) ဘာသာဂုဏ်ထူး ၂၀ ဦး၊ (၂)ဘာသာ ဂုဏ်ထူး ၆၆ ဦး ၊ (၁)ဘာသာ ဂုဏ်ထူး ၁၇၃ ဦးရရှိကြောင်းနှင့် ဘာသာရပ်အလိုက် ဂုဏ်ထူးရရှိမှုများမှာ မြန်မာစာ ဘာသာရပ် (၅၂) ဦး၊ အင်္ဂလိပ်စာ ဘာသာရပ် (၅) ဦး၊ သင်္ချာဘာသာရပ် (၄၈)ဦး ၊ ဓာတုဗေဒ ဘာသာရပ် (၁၁) ဦး ၊ ရူပဗေဒ ဘာသာ ရပ် (၅)ဦး ၊ ဇီဝဗေဒ ဘာသာရပ် (၂၅)ဦး ၊ ပထဝီ ဘာသာရပ် (၇၈) ဦး ၊ သမိုင်း ဘာသာရပ် (၁၆၆) ဦး၊ ဘောဂဗေဒ ဘာသာရပ်(၃၆) ဦး ရရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြန်အောင်မြို့နယ်တွင် စာစစ်ဌာနအလိုက် အောင်စာရင်းများကို သြဂုတ်လ (၁၀)ရက်နေ့မှစ၍ ထုတ်ပြန်ထားပေးမည်ဖြစ်ရာ အောင်စာရင်းများကို ကိုဗစ် (၁၉) ကြိုတင် ကာကွယ်ရေး လုပ်ငန်းများနှင့်အညီ တစ်ရက်လျှင် ခုံနံပါတ်အကန့်အသတ်ဖြင့်သာ လာရောက်ကြည့်ရှု နိုင်ကြောင်း စာစစ်ဌာနများက ထုတ်ပြန်ထားကြောင်း သိရသည်။
ဝင်းဗိုလ် (မြန်အောင်)